Monday, February 29, 2016

အစကတော့ ဒီစာကို အဖေများနေ့မှာ ရေးဖို့ပဲဗျ ။ ဒါပေမယ့် ကျွန်တော်ဆိုတဲ့လူကလည်း လုပ်ရင်လည်း လူများထက် စောလုပ်လိုက်ရမှ . မဟုတ်ဘူးဆိုရင် လုပ်ကိုမလုပ်ရသေးပဲ စိတ်ကုန်သွားတတ်တာ ။
နောက်တော့ အဖေ့မွေးနေ့မှာ ရေးမယ်ကြံပေကော ။ အဲ့နောက်မှာ လူက အပျင်းထူနေတာတပိုင်း . အအိုဆုံးမွေးချင်းကြီးက အရင်ရေးလိုက်တာကတပိုင်းနဲ့ ဇာတ်လမ်းမစခင်  ဇာတ်သိမ်းသွားပြန်ကော ။
ဒါနဲ့ပဲ ခုရက်ပိုင်းက စာမေးပွဲဆိုတော့ကာ စာကလွဲရင် အကုန်လုပ်ချင်နေတဲ့ရာသီအတွင်း ရေးလိုက်ပါတယ် ။ ရာသီမဟုတ်လို့ မဖတ်ချင်သေးဘူးဆိုလည်း အဖေ တခါ ရုရှားကနေ နွေရာသီကြီးဝယ်လာတဲ့ ကုတ်အင်္ကျီကြီးလို နောက်နှစ် ဆောင်းတွင်းမှ ထုတ်ဖတ်ပါ အဖေ ။
x x x x
အမှန်အတိုင်းပြောရရင် ငယ်ငယ်တုန်းက အဖေ့ကို သေချာမမှတ်မိဘူးဗျ ။
အဖေဆိုလို့ စဉ်းစားလိုက်ရင် ကျနော် ဂွေလှည်းစီးတဲ့ အရွယ်လောက်က မြိတ်ကနေ အမေက ပျဉ်းမနားရှိ ဘွားမေဆီရေးလိုက်တဲ့ စာရယ် ၊  ကျနော် ဟိုပြေးလိုက် ချော်လဲလိုက် ဒီပြေးလိုက် ဒိုင်ဗင်ပစ်လိုက်ခေတ်က ရိုက်ထားတဲ့ ဗီဒီယိုရယ် ၊ အိမ်ပြန်လာရင် မုတ်စိပ်မွေး ရိတ်ပြီးလို့ တိုစိတိုစိလောက်နဲ့ လိုက်လိုက်ပွတ်တယ်တို့ အဲ့တာ အကုန်ပါပဲ ။
နောက်ပိုင်းမှာလည်း အဖေကို တွေ့တယ်ဆိုတာ နွေရာသီကျောင်းပိတ်ရက် အဖေ့တပ်ကို လိုက်နေရုံလောက်ပဲ ကောင်းကောင်းတွေ့ကြရတော့ အဖေ့ဆီကို သွားရင် မနက်ခင်းအစောကြီးထရမယ်တို့ ၊ တပ်မှာနေရင် ကော်ဖီကို အမေဖျော်တော့ မပုံဖျော်တာလောက်မချိုဘူးတို့ ၊ ထမင်းကြော်မှာ ပဲပေါင်းမပါဘူးတို့ ။ အဲ့တာနဲ့ပဲ အဖေ့ဆီလာရမယ်ဆို သိပ်ပြီး anticipate မဖြစ်ဘူးဗျ ။
ဒါနဲ့ အဖေ့ကို သေချာမှတ်မိလာတာကတော့ ၈တန်းပဲ ။ အဖေက နေပြည်တော် ပြောင်းလာတာရယ် ၊ အမေကလည်း မွေးချင်းအလတ် ၁၀တန်းနှစ်ဆိုတော့ ရန်ကုန်ခဏခဏသွားရတာနဲ့ပဲ အမေ့အလုပ်အကုန်လုပ်ရပေးရတာနဲ့ပဲ စကားကောင်းကောင်းစပြောဖြစ်လာတာကြောင့်ပါပဲ ။
[ အမေ့တာဝန် - မနက်စာတူတူစား ၊ အဖေ့ဆေးရှာ ၊ အဖေရုံးသွားမယ်ဆိုရင် အဖေ့ရုံးအိတ်သယ် ၊ အဖေ့ကားကို ဂိုဒေါင်ထဲကထုတ် ရှေ့တိုးလိုက် နောက်ဆုတ်လိုက်လုပ် ၊ အဖေ့ဖိနပ်ထုတ်ပေး ၊ တာ့တာ့ပြ ၊ ခြံတံခါးပိတ် ။
 ညနေ အဖေပြန်လာရင် ကားတံခါးဖွင့်ပေး ၊ ပစ္စည်းတွေသယ်ပေး ၊ ဖိနပ်နေခဏလှန်း ၊ အိမ်ထဲပြန်ထည့် ၊ ရေချိုးပြီး ညစာစား ၊ အဖေကြည့်နေကျ အားကစားလိုင်းတွေလိုက်ကြည့် ၊ ပြီးရင် အိပ် ။ ]
တသက်လုံး အဖေ့ကို တိုစိတိုစိလောက် မှတ်မိတဲ့သား
အဖေနဲ့ အတူနေတဲ့ ၁နှစ်အတွင်းမှာ သားအမှတ်မိဆုံးကတော့ “ ခွာ”သံပါပဲ ။
မနက်ခင်း အဖေ ရှူးဖိနပ်စီးပြီဆိုပြီဆိုရင် ငေးကြည့်နေရတာ ။ ဒါန်းပေါ်မှာ စကားတွေ ပြောလို့ပြီးသွားရင် “ကဲ . ရုံးသွားရတော့မယ်” ဆိုပြီး ထလိုက်ရင် ဘာမှတောင်ပြန်မဖြေပဲ နားထောင်နေရတာ ။ ဒေါက်ဒတ် .. ဒေါက်ဒတ်
ဘယ်လိုဖြစ်လို့များ ဒီ ဒေါက်ဒတ် .. ဒေါက်ဒတ် ကို စွဲလန်းနေရပါလိမ့်ဆိုတော့ကာ
x x x x
ကျနော် ငယ်ငယ်ထဲက အတ္ထုပတ္တိတွေဖတ်ရတာ တော်တော်ဝါသနာပါတယ်ဗျာ ။ အိမ်သာတက်ပြီဆိုရင် အမြဲတမ်းလက်ထဲပါသွားတာက ဒေးကာနက်ဂျီရဲ့ ၅မိနစ် အတ္ထုပတ္တိများပဲ ။ လူတယောက်အကြောင်းကို ၅မိနစ်နဲ့ ဖတ်လို့ရနေမှတော့ အိမ်သာနဲ့ကွက်တိပေါ့ ။ တခါတက် ၂ယောက် ၃ယောက်ဆို ကွက်တိလောက်ပဲ ။
ကျနော့ အဖေက စကားပြော တိုတယ် ၊ ပြတ်တယ် ။ အဲ့တာကြောင့်ပဲလားမသိ . . စကားရှည်ရှည်ပြောရင် နားထောင်လို့သိပ်ကောင်းတယ် ။ သိပ္ပံမောင်ဝက သမိုင်းအကြောင်းရေးတယ်လို့ စဉ်းစားကြည့်ကြည့်ဗျာ ။ စာကြောင်းတိုတိုနဲ့ စကားရှည်ရှည်နားထောင်ရတာ သိပ်အရသာရှိတယ် ။
အမေကတော့ စကားပြော ညက်တယ် ၊ စကားလက်ဆုံကျရင် သိပ်ပြောလို့ကောင်းတဲ့လူမျိုး ။ စကားလုံးစုံစုံသုံးပြီးတော့ နားထောင်တဲ့လူ နားရည်ဝအောင်ပြောတတ်တယ် ။ ချစ်ဦးညိုစာရေးပုံလိုမျိုးလို့ ပြောလို့ရမလားပဲ . ဇာတ်လမ်းပေါ်ကို ထပ်ကွန့်တတ်တဲ့လူစားမျိုးဆိုတော့ကာ ။ ကျနော်ကတော့ တခါတလေ ငတုတ်ရိုက်သလား ဇားပြုတ်ကိုက်သလား သိပ်မကွဲချင်ဘူးရယ် ။

ဝတ္ထုထဲက အဖေတွေလိုမျိုး ၊ ပတ်ဝန်းကျင်က အဖေတွေလိုမျိုး ကျနော့အဖေက ပုံမှန် သူရာမှီဝဲသူ မဟုတ်ပေမယ့် မိသားစုစားဝိုင်းတွေမှာ နည်းနည်း သောက်တတ်တယ် ။ အဖေနည်းနည်း မူးလာပြီလို့ သိသာတဲ့အချက်ကတော့ အမေ့မိသားစုသမိုင်း အဖေ့မိသားစုသမိုင်းပဲ ။
“မင်းအမေနဲ့ လက်ထပ်တော့မယ်ဆိုတော့ မင်းအဘိုးက အဖေ့ကို ပြောတယ် ၊ မင်းက ဒီအမျိုးထဲလာတော့မယ်ဆိုတော့ကာ ဒါတွေသိထားဆိုပြီး ပြောသကွ” ဆိုရင်တော့ အင်း. . ဟုတ်နေပြီ
“အဖေ့အမျိုးတွေကလည်း မခေပါဘူးကွ ဆင်ကြီး ဆုံထင်တဲ့ ရွာစည်ပင်သားတွေကွ ဟားဟား” ဆိုရင်တော့ တော်လောက်ပြီ အမေက ထမင်းပန်းကန်တွေစသိမ်းပြီ ။
ဒါပေမယ့် ကျနော်ကြားချင်တာတွေက ဒီအချိန်မှာ မဟုတ်ဘူး . . ထမင်းစားပြီးနည်းနည်းကြာလို့ ဒါန်းပေါ်ထိုင်ပြီး လေညှင်းခံပြီးတော့မှ စတာ ။
“အဖေငယ်ငယ်တုန်းကပေါ့ကွာ” ဆိုပြီးတဲ့ စကားတွေ ။ ငါးမိုင်ဝေးတဲ့ မြို့ပေါ်ကို ရွာကနေ ခြေလျင်ကျောင်းတက်ရတာတို့ ၊ တက္ကသိုလ်ကို သူများအိမ်မှာ အလုပ်လုပ်ရင်းကျောင်းတက်ရတာတို့ ၊ အဖေ့သူငယ်ချင်းက ကင်းစောင့်လုပ်ရင်းကျောင်းတက်ရတာတို့ ၊ ကျောင်းမှာ အဖေတို့သူငယ်ချင်းတွေ ဘယ်လိုဘယ်လို ကြိုးစားရတာတို့ ။။

ဒီလိုအချိန်မှာ အဖေပြောတဲ့စကားတွေက “ငါတောင် ဒီနေရာကနေ ဒီလိုဖြစ်အောင် လုပ်နိုင်တယ် ၊ မင်းက ဘာလုပ်နေတုန်းတို့” “ငါဘယ်လောက်သနားစရာကောင်းလဲတို့” “ငါဘယ်လောက်တော်တုန်း” တို့လိုမဟုတ်ဘူးနော် ။ အဲ့တုန်းက ဒီလို ဒီလိုပဲလို့ ပြောနေတာ ။ ကျနော် ပြောထားသားပဲ ။ သိပ္ပံမောင်ဝ စာရေးပုံကို စဉ်းစားကြည့်ပါလို့ ။ မောင်မွှေးရဲ့ ဆိတ်ပုံကြော လိုပဲ ။ နားထောင်ရတာ အရသာရှိချက် ။

အဖေနဲ့ အတူနေတုန်းမှာ အဖေ့ရွာကို ခဏခဏ သွားလည်ဖြစ်တယ် ။ ရွာက လူကြီးတွေ ပြောတဲ့ အဖေ့အကြောင်းတွေ ၊ အဖေ့ ဆိတ်ပုံကြောထဲက အဖေ့ကျောင်းတို့ ၊ အဖေရွာလမ်းတို့ ၊ အဘိုးလယ်တို့ကိုလည်း မြင်ခဲ့ရတယ် ။ ရွာက အဖေ့ကို အကူအညီတောင်းရတာတို့ ၊ အဖေ့ကို ၀ိုင်းတိုင်ပင်ကြတာတို့လည်း ကြားခဲ့ရတယ် ။ အထင်ကြီး အားကျနေရတဲ့ မျက်လုံးတွေရယ် ။

သေချာစဉ်းစားကြည့်ကြပါ ။ ကျနော် အမြဲစောင့်နားထောင်နေရတဲ့ ဆိတ်ပုံထဲ လယ်သမားသားကလေး ဒီလမ်းလေးပေါ်ကနေ ကျောင်းကို ခြေလျင်သွားခဲ့ရမယ် ။ ဒီလမ်းပေါ်မှာ ကစားခဲ့မယ် ။ ဒီလမ်းပေါ်မှာ ရယ်ခဲ့မယ် ။ ဒီလမ်းပေါ်မှာ ငိုခဲ့မယ် ။ ဒီလမ်းပေါ်မှာ ပျော်ခဲ့မယ် ။ ဒီလမ်းပေါ်မှာ စိတ်ဓာတ်ကျခဲ့မယ် ။ ခု ဒီလမ်းကို ပြင်ဖို့ ဘယ်လို ပြင်ဖောက်ရမလဲဆိုတာ အခုအချိန် အသက် ၅၀ လယ်သမားသားကလေးကို မေးနေကြတယ် ။ ဇာတ်လိုက်ကော ဇာတ်အိမ်ကော ဇာတ်သိမ်းကော အကုန်လုံးကို တနေရာထဲမှာ မြင်နေရတာ ။ ဒေးကာနက်ဂျီရဲ့ စာအုပ်ထဲက လူတယောက်မှ မမှီတာဗျ ။

x x x x

ကဲ . . ဒါတွေအားလုံးကို ရွာလမ်းမကိုမြင်ပြီး စဉ်းစားနေတာလား ၊ ခံစားနေတာလားဆိုတော့ကာ
မဟုတ်ပါဘူးခင်ဗျ ။
အစလောက်မှာ ပြောခဲ့တဲ့ ဒီ အဖေ့ ခွာသံ “ဒေါက်ဒတ် .. ဒေါက်ဒတ်” ကနေ ကြားရတာဗျ ။
ဒေါက်ဒတ် . လယ်သမားသားကလေး . ဒေါက်ဒတ် . mechanical ကျောင်းသားလေး . ဒေါက်ဒတ် . ကျနော့အဖေ ဗိုလ်မှူးကြီး . ဒေါက်ဒတ်

အခု ကျနော်လည်း ဒီနှစ်ကစပြီး Clinic စ၀င်ရတဲ့အတွက် ရှူးဖိနပ်စစီးရတယ်ဗျာ
တတန်းလုံးလည်း ဒီနှစ်မှစစီးတဲ့အတွက်ကြောင့် စီးသားမကျသေးပုံပေါက်တယ် . တချိန်လုံးကြားနေလိုက်ရတဲ့ ဒေါက်ဒတ် ဒေါက်ဒတ် ဒေါက်ဒတ်

မဟုတ်ဘူး . . ကျနော်မှတ်မိနေတဲ့ အားကျနေရတဲ့ ဒေါက်ဒတ် က ဒီ ဒေါက်ဒတ်မဟုတ်ဘူးဗျာ . .
ရှူးဖိနပ်ခွာသံမဟုတ်ပဲ အဖေ့ ခွာသံမှ အဖေ့ ခွာသံ စစ်စစ် . . . ဒေါက်ဒတ် ဒေါက်ဒတ်
ဒေါက်ဒတ် . လယ်သမားသားကလေး . ဒေါက်ဒတ် . mechanical ကျောင်းသားလေး . ဒေါက်ဒတ် . ကျနော့အဖေ ဗိုလ်မှူးကြီး . ဒေါက်ဒတ်





Saturday, October 27, 2012

ကျွန်တော် Jailbreak လုပ်သင့် မလုပ်သင့်


ကျွန်တော့တွင် အိုင်ပတ်တစ်လုံး နှင့် အိုင်ပေါ့တစ်လုံးရှိပါသည်ဆယ်တန်းစာမေးပွဲဖြေနေစဉ် အမေ့ကို ခြိမ်းခြောက် ချော့မော့ တောင်ပန် အနိုင်ကျင့်ကာ ဝယ်ခိုင်းထားသော အိုင်ပေါ့ဖြစ်ပါသည်[ဒင်းကြောင့် နာအိုင်ဖုန်းမရတော့တာ တော်တော်ဂြိုလ်မွှေတဲ့ကောင်x( ]
iPod Touch 4Gဖြစ်ပြီး ယခုလအတွင်းမှာပင် ခေတ်ဟောင်းပစ္စည်းဖြစ်သွားသော အမျိုးအစားဖြစ်ပါသည်

နောက်တခုမှာ iPad2ဖြစ်ပါသည်
အဖေမသုံးတတ်သောကြောင့် စောစောစီးစီး ဓားပြတိုက်ထားသော ပန်းသီးဖြစ်ပါ၏

ကျနော့ပန်းသီး၂လုံး၏ အဓိကကွားခြားချက်မှာ အိုင်ပေါ့ကို ထောင်မဖောက်ထားပါ (Jailbreak*)
အိုင်ပတ်မှာမူ ပန်းသီးတစ်လုံး၏ လွတ်လပ်ခွင့်ကို အပြည့်အဝယူထားပါသည်

ကျနော် တလျှောက်လုံး လွတ်လပ်သူကိုမြတ်နိုးနေခဲ့မိပါသည်
နေရာတကာကို အိုင်ပတ်တလုံးနှင့် လူတကာေ-ာက်မြင်ကတ်အောင်ကို ယူသွားပါသည်
ထောင်ဖောက်ထားသဖြင့် Cydiaမှ လိုသည်မှန်သမျှ အသေအကြေဒေါင်းလုပ်ဆွဲကာ 
မိမိစိတ်ကြိုက်အသုံးတော်ခံပေးနိုင်သော အိုင်ပတ်ကို အလွန်အကြူးမြတ်နိုးနေခဲ့မိပါသည်

တနေ့တွင် ကျနော့ အိုင်ပတ်လေးမှာ လွတ်လပ်နေသူတို့ထုံးစံအတိုင်း အဆုံးသတ်သို့ရောက်ရှိသွားပါသည်
ဖွင့်ရသော်လည်း resolutionပြဿနာစတက်လာပါသည် 
သိသမျှ မှတ်သမျှလုပ်သောကြောင့် အသက်ပြန်ဝင်လာသော်လည်း မူလလောက် အသုံးတော် မခံနိုင်တော့ပါ
restartကျသွားသည် ဟန်းသွားသည် ဝိုင်ဖိုင် ပြဿနာ စုံစိနေအောင် တတ်လာပါတော့သည်

ထိုအချိန်တွင် ကျနော်၏ အိုင်ပေါ့လေးမှာ သူ၏တာဝန်များကို တိတိကျကျထမ်းဆောင်နိုင်သည် 
ပန်းသီးကုမ္ပဏီ၏ လက်အောက်မှ မထွက်ပဲ ထောင်လည်း မဖောက်ထားသောကြောင့်
အိုင်ပတ်ကဲ့သို့ မြန်မာစာလည်း မမြင်ရပါ
Smurf ကို ဘယ်ရီသီးများလည်း ခိုးမရပါ 
အိုင်ကျွန်းမှ applicationများကို ဖလာလည်း ရိုက်မရပါ
သို့သော် သူ့မှာ အာမခံချက်အပြည့်ရှိသည်

.......................................................................................iixii....................................................................................................

ကျနော် ဆယ်တန်းပြီးပါပြီ
အများထင်သလို သချာင်္လည်း အမှတ်ပြည့်မရပါ
ဂုဏ်ထူးလည်း ပျံလန်နေအောင်မထွက်ပါ
အမှတ်များမှာလည်း ထင်သလောက်မရပါ
ဆရာဝန်ကြီးလည်း မဖြစ်
အင်ဂျင်နီယာကြီးလည်း မဖြစ်ပါ ( ကလေးများသို့သတိပေးချက် = လူကြီးများမှ သားသားကြီးရင် ဘာလုပ်မလဲ မီးမီးကြီးရင် ဘာလုပ်မလဲဟုမေးလာလျှင် ဂရုစိုက်ဖြေပါ သို့မဟုတ် မသိချင်ယောင်ဆောင်နေပါ .. မဟုတ်လျှင် နာ့လိုေ-ာက်ရှက်ကွဲရမည်)ကျနော့ အတွက် ရွေးစရာ ၂မျိုးရှိပါသည်
သွားဆရာဝန်လိုင်းနှင့် ဘီဘီအမ် စသော ဒစ်အင် (Dip. in)လိုင်း တို့ဖြစ်သည်

ဘီဘီအမ်တတ်လျှင် တက္ကသိုလ်များကဲ့သို့ ကျောင်းခေါ်ချိန် အလွန်အကျွန် စိတ်ပူနေစရာအကြောင်းမရှိပါ
ဘီဘီအမ်တက်ရင်း အခြားသင်တန်းပေါင်းများစွာကို သွားတက်နေနိုင်သည်
စိတ်မပါလျှင် မပါသလို ကျောင်းလစ်နိုင်သည် 
ဆေးပညာကဲ့သို့ နိုင်ငံ့တာဝန်ကို ဘယ်နှနှစ်ထမ်းဆောင်ပါဟုလည်းမရှိပါ
ကျောင်းပြီးလျှင် အမ်ဘီအေ ဆက်တက်နိုင်သည် စီးပွားရေးလုပ်နိုင်သည်
Management နှင့်သက်ဆိုင်သမျှ အားလုံးလုပ်နိုင်သည်
100% လွတ်လပ်မှုပင်။....

သို့သော်

သွားဆရာဝန်......
ကျောင်းခေါ်ချိန်ကို လုံလောက်အောင်တက်ရမည်
ကျောင်းလစ်လွန်လျှင် တစ်တန်း၂နှစ်ဖြစ်သွားနိုင်သည်
ဘွဲ့ရသွားတောင် ဆမသင်တန်းတက်ရဦးမည်
နိုင်ငံတာဝန်ထမ်းဆောင်ရမည် မဟုတ်ရင် လျော်ကြေးပေးရမည်
ကျောင်းပြီးလျှင် မိမိတက်မြောက်ထားသည့် ပညာဖြစ်လုပ်လို့ ရသမျှကတော့ သွားဆရာဝန်ပဲ ဖြစ်သည်..........

...................................................................................iixii....................................................................................................

လွန်ခဲ့သောအပတ်က ပန်းသီးမှ iOs 6ကို ထုတ်လုပ်လိုက်သည်
feature 200ကျော် ထပ်ပါလာသည်
သဘောကျစရာ အချက်များပင်.......

ထိုအချိန်တွင် ကျနော်၏ လွတ်လပ်သူကြီးမှာ upgradeလုပ်၍ မဖြစ်ပါ
ထောင်ဖောက်ထားသောကြောင့် ပန်းသီမှလည်း အာမမခံပေးပါ
နောက် ထောက်ဖောက်၍ရသော versionကိုစောင့်၇ဦးမည်

အိုင်ပေါ့မှာမူ wifiချိတ်ထားစဉ်မှာပင် အလိုလို download လုပ် install လုပ်၍
iOs 6ဖြစ်သွားလေသည်

...................................................................................iixii....................................................................................................

ကျနော် ယခုသွားဆေးတက်တော့မည်ဟု ဆုံးဖြတ်ပြီးပါပြီ

ဘီဘီအမ်သည် လွတ်လပ်သည်
သွားဆေးသည် မလွတ်လပ်ပါ

အိုင်ပတ်သည် လွတ်လပ်ရေးရထားသည်
အိုင်ပေါ့မှာ မရထား

အိုင်ပတ်တွင် ကျနော် ကြိုက်သလို ပြောင်းလဲနိုင်သည်
အာမခံချက်မရှိပါ
အိုင်ပေါ့သည် ပန်းသီး၏ စည်းကမ်းအတိုင်းသာ သုံးစွဲနိုင်သည်
သို့သော် အာမခံချက် အပြည့်ရှိသည်

ဘီဘီအမ် တက်ရင်း မိမိနှစ်သက်သလိုနေထိုင်နိုင်သည် 
သို့သော် ရမည်က ဒီပလိုမာ...................
သွားဆေးသည် ခက်ခဲမည် စည်းကမ်းတော်တော်များများလိုက်နာရမည် 
သို့သော် ရမည်က ဘွဲ့........................
အာမခံချက်အပြည့်ရှိသည်

ကျနော့် ဘဝကို ထောင်မဖောက်ဖို့ ဆုံးဖြတ်လိုက်ပါသည်
ထို့ကြောင့်
ကျနော် ဘဝနှင့် ပတ်သတ်နေသူများနှင့် ပတ်သတ်လာမည့်သူအား ပြောပြထားချင်ပါသည်
ကျနော့် ဘဝတွင် ပျော်ရွှင်စရာများရှိချင်မှ ရှိပါတော့မည်
ကျနော် အားလုံး၏ဆန္ဒအတိုင်း ဖြည့်ဆည်းပေးနိုင်ဖို့လည်း မလွယ်ပါ
ကျနော့ ဘဝအတွက် အာမခံချက်တော့ ရှိနေပါလိမ့်မည်
ကျနော်၏နာမည်နောက်တွင် ဘီဒီအက်စ် သာ ရှိချင်ပါသည်
ဒစ်အင် ဘာညာကွိကွမလိုချင်ပါ 
ကျနော် ရိုးရှင်းသောဘဝနှင့်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်ပါတော့သည်

(ထောင်ဖောက်ခြင်း မဖောက်ခြင်းသည် ကာယကံရှင်နှင့်သာ တိုက်ရိုက်သက်ဆိုင်ပါသည်)

၂၅ရက်နေ့ စက်တင်ဘာလ ၂၀၁၂ခုနှစ် နံနက် ၄နာရီ ၂၁မိနစ်တွင် ပြီးဆုံးပါသည် 
By Churtate Era Moonkey

ကျနော်သည် ဘာမှမဟုတ်ပါ


ကျနော်ကို အမေ့ဗိုက်ထဲမှာတုန်းက Ultrasoundတိုင်းက မိန်းကလေးလို့ပြောတယ်
ဒါပေမယ့် မွေးလာတော့ ယောကျာ်းလေးဖြစ်နေတယ်
အားလုံးကပြောကြတယ် တော်တော်ထူးဆန်းတဲ့ကလေးတဲ့
ဒါပေမယ့် ကျနော်က Superman လိုကားကိုလည်း လက်တဖက်နှင့်မမနိုင်ပါ
ရင်ချင်းဆက်ဖင်ချင်းဆက်အမွှာလည်းမဟုတ်ပါ
ပြောသားပဲ...ကျနော်သည် ဘာမှမဟုတ်ပါလို့

ကျနော်ကျောင်းစတက်တော့ ဆရာမတိုင်းက သချာင်္ပါရမီပါတယ်လို့ပြောတယ်
ဒါပေမယ့် မြန်မာစာကို သုံးစားမရအောင်ညံ့တယ်
ကျနော်ကို အမေကမေးတယ် နင်မြန်မာစာဆရာသပ်သပ်ယူမလားတဲ့
ဒါပေမယ့် ကျနော်က ဟားဗတ်မှာ Professor လုပ်နေတဲ့ ၇နှစ်ကလေးလောက်လည်း သချာင်္မတော်ဘူး
မြန်မာစာကို ရေးဖို့ကလွဲရင် ဆဲဖို့အထိအစုံတတ်တယ်
ပြောသားပဲ...ကျနော်သည် ဘာမှမဟုတ်ပါလို့

ကျနော် အလယ်တန်းကျောင်းသားဖြစ်တော့ လူတိုင်းက မင်းကတော်တော်လျိုတဲ့ကောင်လို့ပြောတယ်
ဒါပေမယ့် လူတွေရှေ့  မှာဒူးထောက်မိတဲ့အထိ ညံ့တယ်
ကျနော်ကို ကောင်မလေး(၁)ကပြောတယ် နင်တကယ်ပြောတာလားတဲ့
ဒါပေမယ့် ကျနော်က Banladin လိုနှစ်ပေါင်းများစွာ လျို့ ဝှက်နေနိုင်သူမဟုတ်ပါ
ကျနော်ဖြေလိုက်တယ် မဟုတ်ဖူးလို့
ပြောသားပဲ...ကျနော်သည် ဘာမှမဟုတ်ပါလို့

ကျနော် အဆောင်ကိုစရောက်တော့ အားလုံးက မင်းတော်တော်ကြွတယ်လို့ပြောတယ်
ဒါပေမယ့် ကျနော် ငြိမ်နေတဲ့အချိန်တွေကို ဘယ်သူမှနားမလည်ပေးနိုင်ခဲ့ဘူး
ကျနော်ကို တချို့ ကမေးတယ် မင်းဒီအဆောင်ကဘယ်ကောင်မလေးကြောင့်အဲ့လောက်ကြွပြနေတာလဲတဲ့
ဒါပေမယ့် ကျနော်သည် ချောတိုင်း ရင်ခုန်တတ်သူမဟုတ်ပါ
ကျနော်ဖြေလိုက်တယ် တခြားကောင်ကလေးတွေ စိတ်မဝင်စားသော မိန်းကလေးများအတွက်လို့
အားလုံးက ကျနော်ကို တော်တော်ဘဝင်မြင့်တဲ့ကောင်လို့ထင်ကြသညိ
ပြောသားပဲ...ကျနော်သည် ဘာမှမဟုတ်ပါလို့

ကျနော် ဆယ်တန်းရောက်တော့ အဆောင်သို့ကောင်မလေး(၂)ရောက်လာပါသည် သူသည်လုံးဝ(လုံးဝ)မချောပါ
ကျနော်ကို တချို့ ကလည်းရင်ဖွင့်သည်/အကြံပေးသည်/တိုက်တွန်းသည်/ချောက်တွန်းသည်...(အခြားကြိယာများလည်းရှိပါသေးသည်)
ပြောခဲ့သလိုပင် ကျနော်သည် ချောတိုင်းရင်မခုန်ပါ
သို့သော် သူသည်မချောသောကြောင့် သူ့ကိုရင်ခုန်ပါသည်/နှစ်သက်ပါသည်/သဘောကျပါသည်/ချစ်မြတ်နီုးပါသည်...(အခြားကြိယာများလည်းရှိပါသေးသည်)
သို့သော် ကျနော်ဧ၊်နိယာမအတိုင်း ဖွင့်မပြောပါ လျိုထားပါသည်..(ကောင်မလေးလည်းသိသည်မှာ 3လသာရှိပါသေးသည်)
သူငယ်ချင်းများက ကျနော်ကိုထုံးစံအတိုင်းပြောပြကြသည် ကျနော်လည်းပြုံးရုံသာပြုံးနေလိုက်ပါသည်
ကောင်မလေး(၂)ဧ၊်အချို့ လုပ်ရပ်များကြောင့် ကျနော် ခဏခဏကွိုင်တက်ပါသည်...သို့သော် ပြုံးရုံသာပြုံးနေပါသည်
ဒါပေမယ့် ကောင်မလေး(၂)ဧ။်လုပ်ရပ်တချို့ မှာ ကျနော့်ကိုလုံးဝ Out of Temperဖြစ်စေတတ်ပါသည်
ကျနော်လည်းစိတ်ဆိုးမိပါသည်
ပြောသားပဲ...ကျနော်သည် ဘာမှမဟုတ်ပါလို့

ကျနော်ကို အားလုံးက 6ဘာသာဂုဏ်ထူးဟုထင်ကြသည်
4ဘာသာဂုဏ်ထူးသာရသည်
အားလုံးက စိတ်ပျက်သည်/ဝမ်းနည်းသည်/အပြစ်တင်သည်...(အခြားကြိယာများလည်းရှိပါသေးသည်)
ကျနော်ကိုနောင်တရဘူးလားဟုမေးသည်
ဒါပေမယ့် ကျနော်သည် ထိပ်တန်းကျောင်းသားလည်းမဟုတ်ပါ
စာကြမ်းပိုးလည်းမဟုတ်ပါ
ပြောသားပဲ...ကျနော်သည် ဘာမှမဟုတ်ပါလို့

........................................................................................................................................................................
........................................................................................................................................................................
.........................................................
                                                         ...............................................................................................................
........................................................................................................................................................................
........................................................................................................................................................................

ကျနော်သည်မွေးဖွားသည့် (၅)ရက်အောက်တိုဘာလ၁၉၉၆မှစပြီး
                                                                                     ယခု(၉)ရက်ဇူလိုင်လ၂၀၁၂ထိ ဘာမှမဟုတ်ခဲ့ပါ ... ဘာဆိုဘာမှမဟုတ်ခဲ့ပါ .... နောက်ဘဝတလျှောက်လုံးလည်း ဆက်ပြီးဘာမှမဟုတ်သူမဖြစ်ချင်တော့ပါ ..... ကောင်မလေး(၂)ထံမှ ယုံကြည်မှုကိုလည်းရယူလိုသေးသည် ... (၁)ထပ်လုံးချင်းအိမ်(၁)လုံးလည်းပိုင်ဆိုင်လိုသေးသည် ... သား(၂)ယောက် သမီး(၁)ယောက်လည်းပိုင်ဆိုင်လိုသေးသည် ... ပင်စင်စားဆံပင်ဖြုဖြူအဘိုးကြီးလည်းဖြစ်လိုသေးသည် ... ခပ်ရစ်ရစ်ယောက္ခမကြီးလည်း ဖြစ်လိုသေးသည် ... မုန်ဖိုးများများပေးသော ဖိုးဖိုးလည်းဖြစ်လိုသေးသည် ... ကားပွဲစားတန်းကို ဟိုဒီလျှောက်နိုင်သူလည်းဖြစ်လိုသေးသည် ... အစိမ်းရောင်မြက်များထူထပ်စွာပေါက်နေသော တောင်ကုန်းပေါ်မှ အုတ်ဂူဖြူဖြူလေး(၁)လုံးလည်းရလိုသေးသည် ... ဝိညာဉ်ဘဝနှင့်လည်း ကျနော်မရှိပဲပျော်နေနိုင်သော ကောင်မလေး(၂)နှင့် သားသမီးမြေးမြစ်များကို တိတ်တိတ်လေးချောင်းကြည့်လိုသေးသည် ... ငြီးငြွေ့ စရာကင်းမဲ့သော လွတ်လပ်ရာဘဝမှလည်း ကောင်မလေး(၂)ကို စောင့်နေလိုသေးသည် ...............................................................................
...........................................................................................။  ။  ။  ။  ။  ။  ။  ။

သို့သော် ကျနော်သည် ယခုထိဘာမျှမဟုတ်သေးပါ......................................:(

                                                                       (၉)ရက်ဇူလိုင်လ၂၀၁၂ နံနက်3း00amတိတိ တွင် စိတ်ကူးယဉ်မှုပြီးဆုံးသည်
                                                                          By Chartate Era Moonkey

ကမ္ဘာ ကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား ပေါက်ကရများ





ထူးဆန်းသောနည်းဖြင့် သေဆုံးသူများ

- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ်သေသွားပါတယ်။

- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။

- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခုရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ င်္ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင်အသတ်ခံရပါတယ်။

- ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီးနိုင်စွမ်းရှ
ိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။
အဲဒီလိုလုပ်နေရင်းနဲ့ပဲ သူ အအေးပတ်ပြီးသေသွားပါတယ်။

- ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်းဝလာတဲ့အတွက် မေးစေ့ကို အ၀တ်နဲ့ပတ်ပြီး ဦးခေါင်းကသိုင်းထားရပါတယ်။ အဲဒီသိုင်းထားတဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီးသေပါတယ်။

- ဗြိတိသျှစာရေးဆရာ သောမတ်အုတ်ဝေး ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။ အစာမရှိဘဲ ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက်
သူတပါးထံက လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။ ပေါင်မုန့်တစ်လုံးဝယ်စားပါတယ်။
တစ်လုတ်တည်းနဲ့ နင်ပြီး သေသွားပါတယ်။

- ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါဝန်တစ်ထည်နဲ့ ကြိုးဆွဲချသေသွားပါတယ်။

- ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ ကိုယ့်လျှာကိုယ်ကိုက်မိရာကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။

- ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီး မီးထိုးတဲ့သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲလဲကျသေပါတယ်။

- ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ စိတ်ချရပါတယ်လို့ ဟောပြောပြီး ရေကို လက်တွေ့သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက်ဖိုက်ရောဂါရပြီး သူသေသွားပါတယ်။

- ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က လိမ့်ကျပြီး သေသွားပါတယ်။

- ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ၀ိုင်အရက်တွေနဲ့ လုပ်ကြံပေမယ့်မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ်ခတ်လုပ်ကြံပေမယ့်လည်း မသေပါဘူး။ နောက်ဆုံး ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။

- အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက ကိုက်လို့သေသွားပါတယ်။

- အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုးဝင်ရင် ဖမ်းမိအောင်လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက်ကို သူပြန်မိသွားပြီး အပ်ချုပ်စက်နဲ့ စာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။

- ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့ သွားဆိပ်တက်ပြီး သေသွားပါတယ်။

လူသတ်တဲ့လျှပ်စစ်ကုလားထိုင်ကနေ ရာဇပလ္လင်အဖြစ်သို့

အပြစ်ရှိတဲ့လူတွေကို သတ်ဖို့အတွက် လျှပ်စစ်ကုလားထိုင်ကို နယူးယောက်မြို့မှာ ၁၈၉၀ သြဂုတ်လ ၆ ရက်နေ့မှာ စတင်အသုံးပြုပါတယ်။ အီသီယိုပီးယားနိုင်ငံဘုရင် ဒုတိယမင်နီလိပ်က အဲဒီသတင်းကိုကြားပြီး တော်တော်သဘောကျသွားပါတယ်။ အဲဒါနဲ့ ခေတ်မှီလျှပ်စစ်ကုလားထိုင်သုံးလုံးကို နယူးယောက်မြို့က ကုမ္ပဏီဆီလှမ်းမှာယူလိုက်ပါတယ်။ ကုလားထိုင်တွေရောက်လာတော့ ဘယ်လိုမှ အသုံးပြုလို့မရတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက အီသီယိုပီးယားနိုင်ငံမှာ လျှပ်စစ်မီးလုံးဝမရှိလို့ပါပဲ။ ဘုရင်ကြီးဟာ ဈေးကြီးပေး ၀ယ်ထားတဲ့ ကုလားထိုင်သုံးလုံးကို နှမျောပြီး အလဟဿမဖြစ်စေဖို့အတွက် တစ်လုံးကို သူထိုင်မယ့် ရာဇပလ္လင်အဖြစ် အသုံးပြုလိုက်ပါတယ်။

မသေချင်ပါဘူးဆိုမှ

ဂျွန်ဒီလင်းဂါးဆိုတာ အမေရိကန်မှာ နံပတ်တစ် လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ သူ့ကို အသေပဲဖြစ်ဖြစ် အရှင်ပဲဖြစ်ဖြစ် ဖမ်းမိခဲ့ရင် ဆုငွေ ဒေါ်လာတစ်သောင်းပေးမယ်လို့အစိုးရက ကြေငြာလိုက်ပါတယ်။ စုံထောက်အဖွဲ့ကလည်း သူ့နောက်ကို တကောက်ကောက်လိုက်နေပါတယ်။ အဲဒီအချိန်မှာ လူဆိုးကြီးဟာ ဆရာဝန်တစ်ယောက်ကို ဒေါ်လာငါးထောင်ပေးပြီး သူ့မျက်နှာကို ခွဲစိတ်ပြုပြင်ပါတယ်။ လက်ဗွေရာတွေကိုလည်း ဖျက်ဆီးပါတယ်။ ဆရာက၀န်က အတတ်နိုင်ဆုံးကူညီပေမယ့် မေ့ဆေးပေးတာ လွန်သွားလို့ သေသွားပါတယ်။

စာရေးဆရာဖြစ်လိုသူများအတွက်

ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုးဟာ နော်ဒီဒိမ်းဘုရားကျောင်းက ခါးကုန်းကြီးစတဲ့ စာအုပ်တွေနဲ့ ကမ္ဘာကျော်ခဲ့တာပါ။ သူ့ရဲ့ စာရေးပုံလေးက အတုယူစရာကောင်းပါတယ်။ သူဟာ စာရေးဖို့အရမ်းပျင်းတဲ့လူတစ်ယောက်ပါ။ အဲဒီအခါတိုင်းမှာ သူဟာ စာရေးဖြစ်အောင်အတွက် သူ့မှာရှိတဲ့ အ၀တ်အစားတွေနဲ့ ကိုယ်မှာဝတ်ထားတဲ့အ၀တ်တွေကိုပါ ချွတ်ပြီး သူ့တပည့်ကိုပေးလိုက်ပါတယ်။ အဲဒီအခါ သူဟာ အ၀တ်အစားမရှိတော့တဲ့အတွက် အပြင်ထွက်လို့မရတော့ပါဘူး။ အဲဒီတော့မှ အနားမှာရှိတဲ့ ခဲတံနဲ့ စက္ကူကိုကောက်ပြီး စာရေးနိုင်ပါတော့တယ်။

ယင်ဈာပန

ရောမနိုင်ငံမှာ ကျော်ကြားခဲ့တဲ့ကဗျာဆရာကြီးဗာဂျီဟာ ဘီစီ ၁၉ ရာစုမှာ ယင်ကောင်တစ်ကောင်ရဲ့ အသုဘကို ဦးဆောင်ခဲ့ပါတယ်။ သာမန်ယင်ကောင်လေးတစ်ကောင်ကို တီးဝိုင်းတွေ ငိုကြွေးသူတွေနဲ့ ယင်ကောင်ရဲ့အိမ်တော်လို့ သတ်မှတ်ထားတဲ့နေရာကနေ အထူးသတ်မှတ်လိုက်တဲ့ ကွင်းပြင်ကြီးဆီ လိုက်ပို့ခဲ့ကြပါတယ်။ အဲဒီယင်ကောင်နဲ့ပတ်သတ်တဲ့ ကဗျာစာတမ်းတွေလည်း ရေးသားခဲ့ပါတယ်။ အသုဘစရိတ်ငွေဟာ တစ်သိန်းတိတိကုန်ကျခဲ့တယ်လို့မှ
တ်တမ်းတွေက ဆိုပါတယ်။
အဲဒီလိုလုပ်တာဟာ အကြောင်းမဲ့မဟုတ်ပါဘူး။ အဲဒီအချိန်က ရောမနိုင်ငံမှာ ဥပဒေတစ်ရပ်ထုတ်လိုက်ပါတယ်။ အဲဒါကတော့ သူဌေးသူကြွယ်တွေပိုင်ဆိုင်တဲ့ြေ
မအားလုံးကို စစ်ပြန်တပ်မတော်သားတွေကို ပေးရမယ်လို့ပဲဖြစ်ပါတယ်။
ကဗျာဆရာသူကြွယ်ကြီးဟာ အဲဒီလို ယင်ကောင်ရဲ့အသုဘကို လုပ်ပြသရော်လိုက်တဲ့အတွက် အဲဒီဥပဒေကို ပြန်ရုတ်သိမ်းသွားပါတယ်။

ဆွစ်ဇာလန်ရေတပ်မတော်

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီလီယန်ဘိုင်ဆိုတဲ့လူဟာ တာဝန်ခံဖြစ်ခဲ့ပါတယ်။ ဆွစ်ဇာလန်ရေတပ်မတော်အား ပနားမားတူးမြောင်းဖွင့်ပွဲသို့ တက်ရောက်ပေးပါရန်ဖိတ်ကြားအပ်ပါသည် ဆိုပြီးသူက သ၀ဏ်လွှာပို့ခဲ့ပါတယ်။ ဒါပေမယ့် ဖွင့်ပွဲရက်မှာ ဆွစ်ဇာလန်နိုင်ငံက တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဆွစ်ဇာလန်နိုင်ငံမှာ ဘယ်တုန်းကမှ ရေတပ်မတော်ဆိုတာ မရှိခဲ့လို့ပါပဲ။

လက်ရာကောင်း

အမေရိကန်အမျိုးသားပန်းချီအကယ်ဒမီမှာ အက်အပ်ဒစ်ဆင်ဆိုတဲ့လူ ရေးဆွဲတဲ့ ပန်းချီကားကို ဒုတိယဆုချီးမြှင့်ခဲ့ပါတယ်။ ဆုပေးပြီးမှ ပန်းချီကားဟာ ပွဲစကတည်းက ပြောင်းပြန်ကြီးချိတ်ထားတာကို သိကြရပါတယ်။

သနားစရာဒေါက်တာဝပ်ဆင်

စာရေးဆရာ အာသာကင်နင်ဒွိုင်းဟာ ရှားလော့ဟုမ်းဝတ္ထုတွေထဲမှာ ဒေါက်တာဝပ်ဆင်ဆိုတဲ့ဇာတ်ကောင်ကို အမြဲထည့်သွင်းလေ့ရှိပါတယ်။ဒေါက်
တာဝပ်ဆင်ဟာ သူ့ဝတ္ထုတွေထဲမှာ-
- စစ်အတွင်းက သေနတ်ဒဏ်ရာရခဲ့သည်။
- လက်မောင်းမှာ ဒဏ်ရာရခဲ့သည်။
- ခြေထောက်မှာ သေနတ်ဒဏ်ရာရခဲ့သည် စသဖြင့် တစ်ကြိမ်နဲ့တကြိမ် မတူအောင် ရေးသားခံခဲ့ရပါတယ်။

ဆီးနှင်းရှင်းတဲ့စက်

အာရပ်နိုင်ငံတွေမှာ ဆီးနှင်းဆိုတာ လုံးဝမရှိပါဘူး။ အရမ်းပူတဲ့နိုင်ငံတွေပါ။ ဒါပေမယ့် ဆီးနှင်းရှင်းတဲ့စက်တွေကို သူတို့ အမြဲဝယ်ယူကြပါတယ်။ သဲတွေကိုရှင်းပါတယ်။

အလကားနေရင်းလာရစ်နေသော အူကြောင်ကျုားStaffအတွက်


တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီးတော့ အိမ်က သူ့ခွေးလေး အတွက် ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင် မိန်းကလေးက ..

” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။

ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။
...
နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။

အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ ၀ယ်ခွင့်ရခဲ့ပါတယ် ။

တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက ကောင်တာက ငွေကိုင် မိန်းကလေးဆီ တန်းသွားလိုက်တယ်။ နောက်.. သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း…

” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့ ပြောလိုက်ပါတယ်။ မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့် လိုက်တော့ ပူနွေးပြီး နူးညံ့နေတဲ့ အတွေ့ အထိကို သူလက်ဖျားလေးတွေမှာ ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက အခုလိုပြောလာပါတယ်။

” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ” ..တဲ့

ကုလား (အုပ်) ပုံပြင်...New Version..steal the ideas from တထောင့်တညပုံပြင်များ


သဲကန္တာရ၏ညတစ်ည......မီးရောင်လေးမှိတ်တုတ်မှိတ်တုတ်နှင့်တဲတစ်လုံး........ အထဲမှာတော့ လူတစ်ယောက် မီးဖိုဘေးတွင် ညစာအတွက်တစ်ခုခုချက်ပြုတ်နေပုံရ
၏။
သူ့အလုပ်နှင့်သူရှုပ်နေတုန်း...................................... “တဲရှင်တို့....တဲရှင်တို့.............” “ဘယ်သူတုန်း....” တဲရှင်၏အသံ....မေးသာမေးရတယ်...ဒီအနီးနားတစ်ဝှိုက်မှာ ဘယ်သူမှနေကြတာမဟုတ်... လာလည်မည့်သူလည်းမရှိ...တစိမ်းဆိုတာကတော့ကျိမ်းသေသည်...တိုအချိန
်မှာပဲ ပြန်ဖြေ
သံထွက်လာ၏။ “ကျွန်တော် ကုလားအုပ်ပါ...”
“ဟေ........သွား”
တစ်ချိန်ထဲမှာပဲ သူ၏ခေါင်းထဲတွင် အန္တရယ်အချက်ပေးခေါင်းလောင်းသံများဆူညံသွားသည်။ “ဘာဖြစ်လို့လဲဗျာ....” “ငါ...စောက်ရူးမဟုတ်ဘူး.... ဒီပုံပြင်ကို ငါ့တို့အဖိုးတွေ၊အဖေ တွေ ပြောပြထားပြီးသား... မင်းက ပထမတော့ ခေါင်းလေးဝင်ပါရစေ လုပ်မယ်၊ ပြီးရင် လည်ပင်းလေး..... နောက်ဆုံးကြရင် ငါတဲပြင်ရောက်သွားမယ်....လာမလုပ
်နဲ့ ကုလားအုပ်ရေ...ရိုးနေပြီ....
အဲဒီတော့မင်းကိုဝင်ခွင့်မပေးနိုင်ဘူး.....ဒါပဲ ” “မလုပ်ပါနဲ့ဗျာ....ကွန်တော်က ခင်ဗျားကြားဖူးထားတဲ့ ကုလားအုပ်တွေလိုမဟုတ်ပါဘူး လူမှု့ရေးနားလည်တဲ့ကုလားအုပ်ပါ.... ဒီလိုလုပ်ဗျာ...ကျွန်တော်ခေါင်း
လေးပဲဝင်ပါရစေ
အဲ့ဒီအတွက်ခင်ဗျားကို ၁၀ ဒေါ်လာပေးမယ်.......” တဲရှင်စိတ်ဝင်စားသွားသည်....တဲအ
တွင်းဝေ့ကြည့်လိုက်ပြီး နေရာတော်တော်ကျယ်တာပဲဟု
တွေးလိုက်ပြီး..... “အေးလေ...ခေါင်း တစ်လုံးစာတော့ကိစ္စမရှိပါဘူး...ပေး ၁၀ ဒေါ်လာ....” “ရော့ဗျာ...” ခဏနေတော့ ကုလားအုပ်က.... “နောင်ကြီး..လည်ပင်းလေးဗျာ....ဒေါ်လာ၂၀....” တဲရှင်ကသူ့တဲသူပြန်ကြည့်ပြီး...နေရာတွေကျန်သေးတာပဲဟုတွေးလိုက်ပြန်သည်..... “ပေးကွာ....” ခဏကြာတော့......ကုလားအုပ်က “နောင်ကြီးရေ....အပြင်မှာတော်တော်အေးတာဗျ....” “အဲ့တော့ဘာဖြစ်တုန်း....” “ရှေ့လက်လေး ၂ ချောင်းတော့ ၀င်ခွင့်ပေးပါဗျာ...နေရာလည်းကျန်သေးတာပဲ၊နောက်ထပ် ဒေါ်လာ၂၀ ပေးပါ့မယ်...နော်...နောင်ကြီး...နော်....သတ္တ၀ါချင်းစာနာထောက်ထားတဲ့အနေ နဲ့ခွင့်ပြုပေးပါဗျာ...နောင်ကြီးက စာနာစိတ်ပြည့်ဝတဲ့သူတစ်ယောက်ပါ၊
ကျွန်တော်က မျက်နှာ
မြင်တာနဲ့သိပါတယ်.....ဟီးဟီး ” ရှေ့လက်ပါဝင်လာလျှင် တဲအတွင်းတော်တော်ကျပ်သွားပေမည်ဟု တဲရှင်တွေးလိုက်မိ၏ သို့သော် မိမိအိပ်လို့တော့ရနေသေးသည်၊သူလည်းမနက်မိုးလင်းရင်သွားမှာပဲတွေး
လိုက်ပြီး...
.................................. “အေးလေ... ဒီထက်တော့မရတော့ဘူးနော်....” “စိတ်ချပါဗျာ” “ပေး... ဒေါ်လာ၂၀” အပြင်မှာလဲတော်တော်အေးနေပေပြီ...အေးမှာပေါ့...သန်းခေါင်တောင်ကေ
ျာ်နေပြီကိုး
...........ဒီအချိန်မှာပဲ ကုလားအုတ်ဆီမှ စကားသံထွက်လာပြန်သည်........ “နောင်ကြီး...မအိပ်သေးဘူးလားဗျ...” “မအိပ်သေးပါဘူးဗျာ....” “အပြင်မှာတော်တော်အေးတယ်နော်...အထဲမှာကတော့ နောင်ကြီးဖိုထားတဲ့ မီးဖိုကြောင့် တော်တော်နွေးတယ်ဗျ....တစ်ကယ်ပြောတာပါဗျာ....ကျွန်တော့ဘ၀တစ်လျှောက်လုံး...ဒီလိုမျိုး ကောင်းကောင်းမွန်မွန်မနေဘူးပါဘူးဗျာ...ခုနောင်ကြီးခွင့်ပြုလို့
သာ ကိုယ်တစ်ပိုင်း ကောင်းကောင်း
မွန်မွန် နေဖူးတာပါ....ခုလိုမျိုးနေရတုန်း တစ်ကိုယ်လုံးများနေခွင့်ရရင် ကျွန်တော်သေပျော်ပါပြီဗျာ” ဟုမျက်ရည်များဝဲလျှက် သနားစဖွယ်ပြောလိုက်ပြီး..... “နောင်ကြီးရယ် ဒီတစ်ညထဲပါဗျာ...တော်တော်ကြာရင် မနက်မိုးလင်းတော့မှာပဲ၊ကျွန်တော
်လည်း
သွားရတော့မှာပါ..ခွင့်ပြုပေးပါနောင်ကြီးရယ်...နော်” “မင်းတစ်ကိုယ်လုံးဝင်လိုက်ရင် ငါတဲပြင်ရောက်သွားမှာပေါ့ကွ” “မိုးလင်းတဲ့အထိ ခဏပဲနေရမှာပဲနောင်ကြီးရယ်၊ကျွန်
တော်က ဒီလိုမျိုးလေး နေဖူးတယ်ရှိအောင်
လို့ပါ...မနေဖူးလို့ပါဗျာ...နော်.....ဒေါ်လာ၅၀ ယူလိုက်ဗျာ...နော်” အားလုံးပေါင်းဒေါ်လာ၁၀၀ ဟူသောအတွေး...ခဏပဲအပြင်မှာနေရမှ
ာပဲဟူသောအတွေး....
မြို့မှာကျန်ခဲ့သောမိန်းမနှင့်ခလေးများ၏မျက်နှာ...သူ၏ခေါင်းထဲတွင်ချာချာလည်လျှက်........ “ပေး....ဒေါ်..........” “ခွပ်.....” သူ၏စကားမဆုံးလိုက်...ကုလားအုပ်မှသူအားတဲပြင်သို့ကန်ထုတ်လိုက်ပြီး...... တဲပြင်သို့ ဒေါ်လာ၅၀ တန်တစ်ရွက်လွင့်ထွက်လာသည်...... “ရော့....” တဲအတွင်းမှ ကုလားအုပ်၏အသံ.............. မနက်မိုးလင်း၍ ကုလားအုပ်တဲအပြင်သို့ထွက်လာသောအခါ...
အေးခဲတောင့်တင်းပြီးသေနေသော တဲရှင်....လက်ထဲတွင်တော့ ဒေါ်လာ၁၀၀ ကိုကျစ်ကျစ်
ပါအောင်ဆုပ်လျှက်သား....................။

သတိ ကုလားအုပ် = Camel ဖြစ်ကြောင်း group of Rohingya မဟုတ်ပါကြောင်း xD
ဒို့ဗမာတွေ ပိုက်ဆံ အတွက် အိမ်အပျောက်မခံပါနဲ့ ခင်ဗျား...