ကျွန်တော့တွင် အိုင်ပတ်တစ်လုံး နှင့် အိုင်ပေါ့တစ်လုံးရှိပါသည်ဆယ်တန်းစာမေးပွဲဖြေနေစဉ် အမေ့ကို ခြိမ်းခြောက် ချော့မော့ တောင်ပန် အနိုင်ကျင့်ကာ ဝယ်ခိုင်းထားသော အိုင်ပေါ့ဖြစ်ပါသည်[ဒင်းကြောင့် နာအိုင်ဖုန်းမရတော့တာ တော်တော်ဂြိုလ်မွှေတဲ့ကောင်x( ]
iPod Touch 4Gဖြစ်ပြီး ယခုလအတွင်းမှာပင် ခေတ်ဟောင်းပစ္စည်းဖြစ်သွားသော အမျိုးအစားဖြစ်ပါသည်
နောက်တခုမှာ iPad2ဖြစ်ပါသည်
အဖေမသုံးတတ်သောကြောင့် စောစောစီးစီး ဓားပြတိုက်ထားသော ပန်းသီးဖြစ်ပါ၏
ကျနော့ပန်းသီး၂လုံး၏ အဓိကကွားခြားချက်မှာ အိုင်ပေါ့ကို ထောင်မဖောက်ထားပါ (Jailbreak*)
အိုင်ပတ်မှာမူ ပန်းသီးတစ်လုံး၏ လွတ်လပ်ခွင့်ကို အပြည့်အဝယူထားပါသည်
ကျနော် တလျှောက်လုံး လွတ်လပ်သူကိုမြတ်နိုးနေခဲ့မိပါသည်
နေရာတကာကို အိုင်ပတ်တလုံးနှင့် လူတကာေ-ာက်မြင်ကတ်အောင်ကို ယူသွားပါသည်
ထောင်ဖောက်ထားသဖြင့် Cydiaမှ လိုသည်မှန်သမျှ အသေအကြေဒေါင်းလုပ်ဆွဲကာ
မိမိစိတ်ကြိုက်အသုံးတော်ခံပေးနိုင်သော အိုင်ပတ်ကို အလွန်အကြူးမြတ်နိုးနေခဲ့မိပါသည်
တနေ့တွင် ကျနော့ အိုင်ပတ်လေးမှာ လွတ်လပ်နေသူတို့ထုံးစံအတိုင်း အဆုံးသတ်သို့ရောက်ရှိသွားပါသည်
ဖွင့်ရသော်လည်း resolutionပြဿနာစတက်လာပါသည်
သိသမျှ မှတ်သမျှလုပ်သောကြောင့် အသက်ပြန်ဝင်လာသော်လည်း မူလလောက် အသုံးတော် မခံနိုင်တော့ပါ
restartကျသွားသည် ဟန်းသွားသည် ဝိုင်ဖိုင် ပြဿနာ စုံစိနေအောင် တတ်လာပါတော့သည်
ထိုအချိန်တွင် ကျနော်၏ အိုင်ပေါ့လေးမှာ သူ၏တာဝန်များကို တိတိကျကျထမ်းဆောင်နိုင်သည်
ပန်းသီးကုမ္ပဏီ၏ လက်အောက်မှ မထွက်ပဲ ထောင်လည်း မဖောက်ထားသောကြောင့်
အိုင်ပတ်ကဲ့သို့ မြန်မာစာလည်း မမြင်ရပါ
Smurf ကို ဘယ်ရီသီးများလည်း ခိုးမရပါ
အိုင်ကျွန်းမှ applicationများကို ဖလာလည်း ရိုက်မရပါ
သို့သော် သူ့မှာ အာမခံချက်အပြည့်ရှိသည်
.......................................................................................iixii....................................................................................................
ကျနော် ဆယ်တန်းပြီးပါပြီ
အများထင်သလို သချာင်္လည်း အမှတ်ပြည့်မရပါ
ဂုဏ်ထူးလည်း ပျံလန်နေအောင်မထွက်ပါ
အမှတ်များမှာလည်း ထင်သလောက်မရပါ
ဆရာဝန်ကြီးလည်း မဖြစ်
အင်ဂျင်နီယာကြီးလည်း မဖြစ်ပါ ( ကလေးများသို့သတိပေးချက် = လူကြီးများမှ သားသားကြီးရင် ဘာလုပ်မလဲ မီးမီးကြီးရင် ဘာလုပ်မလဲဟုမေးလာလျှင် ဂရုစိုက်ဖြေပါ သို့မဟုတ် မသိချင်ယောင်ဆောင်နေပါ .. မဟုတ်လျှင် နာ့လိုေ-ာက်ရှက်ကွဲရမည်)ကျနော့ အတွက် ရွေးစရာ ၂မျိုးရှိပါသည်
သွားဆရာဝန်လိုင်းနှင့် ဘီဘီအမ် စသော ဒစ်အင် (Dip. in)လိုင်း တို့ဖြစ်သည်
ဘီဘီအမ်တတ်လျှင် တက္ကသိုလ်များကဲ့သို့ ကျောင်းခေါ်ချိန် အလွန်အကျွန် စိတ်ပူနေစရာအကြောင်းမရှိပါ
ဘီဘီအမ်တက်ရင်း အခြားသင်တန်းပေါင်းများစွာကို သွားတက်နေနိုင်သည်
စိတ်မပါလျှင် မပါသလို ကျောင်းလစ်နိုင်သည်
ဆေးပညာကဲ့သို့ နိုင်ငံ့တာဝန်ကို ဘယ်နှနှစ်ထမ်းဆောင်ပါဟုလည်းမရှိပါ
ကျောင်းပြီးလျှင် အမ်ဘီအေ ဆက်တက်နိုင်သည် စီးပွားရေးလုပ်နိုင်သည်
Management နှင့်သက်ဆိုင်သမျှ အားလုံးလုပ်နိုင်သည်
100% လွတ်လပ်မှုပင်။....
သို့သော်
သွားဆရာဝန်......
ကျောင်းခေါ်ချိန်ကို လုံလောက်အောင်တက်ရမည်
ကျောင်းလစ်လွန်လျှင် တစ်တန်း၂နှစ်ဖြစ်သွားနိုင်သည်
ဘွဲ့ရသွားတောင် ဆမသင်တန်းတက်ရဦးမည်
နိုင်ငံတာဝန်ထမ်းဆောင်ရမည် မဟုတ်ရင် လျော်ကြေးပေးရမည်
ကျောင်းပြီးလျှင် မိမိတက်မြောက်ထားသည့် ပညာဖြစ်လုပ်လို့ ရသမျှကတော့ သွားဆရာဝန်ပဲ ဖြစ်သည်..........
...................................................................................iixii....................................................................................................
လွန်ခဲ့သောအပတ်က ပန်းသီးမှ iOs 6ကို ထုတ်လုပ်လိုက်သည်
feature 200ကျော် ထပ်ပါလာသည်
သဘောကျစရာ အချက်များပင်.......
ထိုအချိန်တွင် ကျနော်၏ လွတ်လပ်သူကြီးမှာ upgradeလုပ်၍ မဖြစ်ပါ
ထောင်ဖောက်ထားသောကြောင့် ပန်းသီမှလည်း အာမမခံပေးပါ
နောက် ထောက်ဖောက်၍ရသော versionကိုစောင့်၇ဦးမည်
အိုင်ပေါ့မှာမူ wifiချိတ်ထားစဉ်မှာပင် အလိုလို download လုပ် install လုပ်၍
iOs 6ဖြစ်သွားလေသည်
...................................................................................iixii....................................................................................................
ကျနော် ယခုသွားဆေးတက်တော့မည်ဟု ဆုံးဖြတ်ပြီးပါပြီ
ဘီဘီအမ်သည် လွတ်လပ်သည်
သွားဆေးသည် မလွတ်လပ်ပါ
အိုင်ပတ်သည် လွတ်လပ်ရေးရထားသည်
အိုင်ပေါ့မှာ မရထား
အိုင်ပတ်တွင် ကျနော် ကြိုက်သလို ပြောင်းလဲနိုင်သည်
အာမခံချက်မရှိပါ
အိုင်ပေါ့သည် ပန်းသီး၏ စည်းကမ်းအတိုင်းသာ သုံးစွဲနိုင်သည်
သို့သော် အာမခံချက် အပြည့်ရှိသည်
ဘီဘီအမ် တက်ရင်း မိမိနှစ်သက်သလိုနေထိုင်နိုင်သည်
သို့သော် ရမည်က ဒီပလိုမာ...................
သွားဆေးသည် ခက်ခဲမည် စည်းကမ်းတော်တော်များများလိုက်နာရမည်
သို့သော် ရမည်က ဘွဲ့........................
အာမခံချက်အပြည့်ရှိသည်
ကျနော့် ဘဝကို ထောင်မဖောက်ဖို့ ဆုံးဖြတ်လိုက်ပါသည်
ထို့ကြောင့်
ကျနော် ဘဝနှင့် ပတ်သတ်နေသူများနှင့် ပတ်သတ်လာမည့်သူအား ပြောပြထားချင်ပါသည်
ကျနော့် ဘဝတွင် ပျော်ရွှင်စရာများရှိချင်မှ ရှိပါတော့မည်
ကျနော် အားလုံး၏ဆန္ဒအတိုင်း ဖြည့်ဆည်းပေးနိုင်ဖို့လည်း မလွယ်ပါ
ကျနော့ ဘဝအတွက် အာမခံချက်တော့ ရှိနေပါလိမ့်မည်
ကျနော်၏နာမည်နောက်တွင် ဘီဒီအက်စ် သာ ရှိချင်ပါသည်
ဒစ်အင် ဘာညာကွိကွမလိုချင်ပါ
ကျနော် ရိုးရှင်းသောဘဝနှင့်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်ပါတော့သည်
(ထောင်ဖောက်ခြင်း မဖောက်ခြင်းသည် ကာယကံရှင်နှင့်သာ တိုက်ရိုက်သက်ဆိုင်ပါသည်)
၂၅ရက်နေ့ စက်တင်ဘာလ ၂၀၁၂ခုနှစ် နံနက် ၄နာရီ ၂၁မိနစ်တွင် ပြီးဆုံးပါသည်
By Churtate Era Moonkey
No comments:
Post a Comment